ပတ်၀န်းကျင်ဆိုင်ရာ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် မူ၀ါဒနေရာများ စုဆုံမှုကြားရှိ အမျိုးသမီးများ၏ ပါ၀င်မှုကို အတားအစီးဖြစ်စေသည့်အရာများကို စီမံကိုင်တွယ်ခြင်း

ဤနောက်ခံစာတမ်းသည် ဂျာမန်ဖက်ဒရယ်နိုင်ငံခြားရေးရုံး၏အကူအညီဖြင့် ဥရောပငြိမ်းချမ်းရေးအင်စတီကျုမှ ဦးဆောင်သော အတားအဆီးများကို ကျော်လွှားခြင်းနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး(Breaking Barriers, Making Peace) စီမံကိန်း ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ဂျဲန်ဒါရေးရာ နှင့် ပဋိပက္ခများ၏ ဆက်စပ်နေသည့်ဆုံရပ်ဖြစ်တည်မှုကို အဓိကထား၍ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တုံ့ပြန်ရေး ကြိုးပမ်းမှုများတွင် အမျိုးသမီးများ ဦးဆောင်နေသည့် အခန်းကဏ္ဍနှင့် ထိရောက်စွာပါဝင်ပုံကို ဆန်းစစ်သည်။ တွေ့ရှိချက်များသည် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှု ကို အဟန့်အတား ဖြစ်စေသော အတားအဆီးများကို မီးမောင်းထိုးပြထားပြီး ပဋိပက္ခ ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ၎င်းတို့၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ခိုင်မာသော လုပ်ဆောင်ချက်များကို ချမှတ်ထားသည်။ ဤမှရရှိလာသည့် အသိအမြင်များသည် အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS) အစီအစဉ်ကို ကမ္ဘာတစ်ဝှမ်းတွင် တိုးတက်စေရန် ရည်ရွယ်သည့် “ရှိရင်းစွဲအခြေအနေလား သို့မဟုတ် ဆီလျော်အောင်ပြုပြင်ဖို့ ရဲရင့်တဲ့လုပ်ဆောင်ချက်လား။ ။ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဥ်ကို ပြန်လည်ဖော်ဆောင်ခြင်း” တွင် မူဝါဒချမှတ်သူများနှင့် လက်တွေ့လုပ်ဆောင်သူများကို သက်သေအထောက်အထားအခြေပြု အကြံပြုချက်များဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ငြိမ်းချမ်းရေးတည်ဆောက်မှုကဲ့သို့သော ဖွံ့ဖြိုးပြောင်းလဲလာနေသည့် နယ်ပယ်များတွင် အမျိုးသမီးများ၏ ထိရောက်စွာပါဝင်မှုကို မြှင့်တင်နိုင်မည့်အကြောင်းအရားများကို ပံ့ပိုးပေးပါသည်။
ဤနောက်ခံစာတမ်းကို အခြားစာတမ်းနှစ်ခုဖြစ်သည့် “အီသီယိုပီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ဆောင်စဥ်များတွင် အမျိုးသမီးများ၏ပါ၀င်မှုအား ဖယ်ကျဥ်ထားမှုကိုထိပ်တိုက်ရင်ဆိုင်ခြင်း”နှင့် “ဆူဒန်နိုင်ငံတွင်အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အစီအစဥ်ကို ပြန်လည်ဖော်ဆောင်ခြင်း” တို့နှင့်အတူ ထုတ်ပြန်ထားပါသည်။ ဤစာတမ်းများရှိ တွေ့ရှိချက်များကို ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ ဖြစ်သည့် “ရှိရင်းစွဲအခြေအနေလား သို့မဟုတ် ဆီလျော်အောင်ပြုပြင်ဖို့ ရဲရင့်တဲ့လုပ်ဆောင်မှာလား ။ ။ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဥ်ကို ပြန်လည်အားကောင်းရန်ဖော်ဆောင်ခြင်း”တွင်ထည့်သွင်းရေးသားထားပါသည်။
